ရှရီချန်ဒရာ ဇာတ်လမ်း အကျဉ်း-
ရှေးက ဗာရာဏသီ ပြည်တွင် အသက် ၅နှစ်သားမှစပြီး မုသာဝါဒ ကင်းရှင်းသည့် ရှရီချန်ဒရာ မင်း အုပ်ချုပ်မင်းပြုလေ၏ တစ်နေ့တွင် ကောဒမုနိ နှင့် ဓမ္မမုနိ ရသေ့ညီနောင်သည် လူသားတို့ မုသားကင်းသည်မှာ မဖြစ်နိုင်ကြောင်း အငြင်းအခုံပြုကြ၏ သိကြားမင်းကိုယ်တိုင် ရှရီချန်ဒရာမင်း သည် မုသားကင်းကြောင်း သက်သေခံသော်လည်း ကောဒမုနိ ရသေ့မှာ မကျေချမ်းနိုင်ဘဲ ရှရီချန်ဒရာမင်းထံ မုသားအရှာထွက်ရန် ၇ ရက်အခွင့်တောင်းလေ၏ အခွင့်ရလေလျှင် အမျိုးစုံသော နည်းဖြင့် ပရိယာယ် မာယာသုံးပြီး မုသားစကား ထွက်အောင်ပြုလေတော့၏ အဆုံးတွင် မုသာဝါဒသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲသော ရှရီချန်ဒရာမင်း အထံမှ မုသားစကား မဖေါ်နိုင်ဘဲ မိမိအပေါ် မေတ္တာမပျက် သောဒကာအပေါ် ပြုသောမတရားမှု ကြောင့် မြေခွဲကာ အမျိုခံရလေသည်။