ပစ်တိုင်းထောင်၏ နိဒါန်းစကား

ကျနော်တို့ မြန်မာဆိုတာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဂီတနဲ့ ဟိုယခင်နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာပါ။
သို့ပေမဲ့ ယခုအချိန်အခါဟာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဂီတတို့သည် လွန်စွာမှ မှေးမှိန်နေပါတယ်။ ဒါကြောင့်မြန်မာယဉ်ကျေးမှုကို ဖော်ကျူးတဲ့ မြန်မာ
သံစဉ်တေးသီချင်းများ ပျောက်ကွယ်လုလုနီးဖြစ်နေပါပြီး၊ နောင်လာနောက်သားတို့သည်လည်း ဝင့်ကြွားထည်ဝါလှသော မြန်မာသံစဉ်သီချင်းများကို
ကြားခွင့်နားဆင်ခွင့် အလွန်နည်းပါးပြီး၊ မြန်မာတေးသီချင်းဆိုတာ ဒုန်းဒုန်း
ဒိုင်းဒိုင်း အုန်းအုန်းဒိုင်းဒိုင်းနဲ့ သီဆိုရတယ်လို့ထင်နေပါပြီး၊ မြန်မာသံစဉ်
စစ်စစ်သီချင်းများကိုယခုခေတ်မှ နားဆင်နိုင်ဖို့၊ ကြားဖိုဆိုတာဟာလည်းလွန်စွာမှ ခဲယဉ်းလှပါတယ်။
ဒါကြောင့် မြန်မာသံစဉ်တေးသီချင်းများ ပျောက်ကွယ်လို့မသွားရအောင်
အမျိုးသားစိတ်နဲ့ ကျနော်က မြန်မာသံစဉ်တေးသီချင်းများကို ထာဝစဉ်ရှင်
သန်စေရန် ရည်ရွယ်ပြီး ဘလော့ဂ်တစ်ခုကို လုပ်ငန်းတာဝန်များမအားလပ်ရတဲ့ကြားထဲ့ကနေ တည်ထောင်ဖြစ်ခဲ့ပါတယ်။
ကျနော့် ဘလော့ဂ်ဟာ တစ်နည်းဆိုရရင်ဖြင့် ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းထားသောဘလော့ဂ်
ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းထားသော ရှေးဟောင်းပြတိုက်ကြီးလို့လည်းခေါ်ဆိုနိုင်ပါတယ်၊
မြန်မာသံစဉ်ဂန္တဝင်တေးသီချင်းများသာမကပဲ ယနေ့ခေတ် မြန်မာသံစဉ်တေးသီချင်းများကိုလည်း မူပိုင်ခွင့်များကိုချိုးဖေါက်ဖို့ရာ
ဆန္ဒလုံးဝမရှိပဲ တစုတဝေးတည်း စုစည်းထားပြီး၊ ကက်ဆက်တိတ်ခွေခေတ်က
ပြောဇာတ်တိတ်ခွေဇာတ်လမ်းများနဲ့ နောက်ပိုင်းဇာတ်ထုတ်များကိုလည်း
စုစည်းထားပါတယ်၊
ကဲမြန်မာဆိုရင်ဖြင့် မြန်မာတေးသီချင်းများနှင့် မြန်မာပြဇာတ်များကိုလည်း
နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။
ကျနော့်ဘလော့ဂ်ကို လာလည်ပါလို့ ဖိတ်လည်းဖိတ်ခေါ်လိုက်ပါတယ်။
facebook page
twitter
Blog add

ကျေးဇူးတင်ရှိခြင်း

ပစ်တိုင်းထောင်တေးဥယျာဉ်ရှိ တေးသီချင်းများနှင့် ဇာတ်လမ်းများသည်
ကိုယ်တိုင်ရှာဖွေထားခြင်း(အနည်းအကျဉ်း)နှင့် အခြားအခြားသော ဝက်ဆိုဒ်များ၊ ဘလော့များ နှင့် Facebook များမှ ကူးယူဖေါ်ပြ ထားခြင်းဖြစ်ပါတယ်။
ထို့ကြောင့်ပစ်တိုင်းထောင်တေးဥယျာဉ် Admin အနေဖြင့်
၄င်း ဝက်ဆိုဒ်များ၊ ဘလော့များ နှင့် Facebook များအားလွန်စွာမျှ ကျေးဇူးတင်ရှိပါသည်။
ပစ်တိုင်းထောင်တေးဥယျာဉ်သည်
ရှေးခေတ်ဟောင်းမြန်မာသံစဉ်များ၊ခေတ်ပေါ်မြန်မာသံစဉ်များ နှင့် အသံဇာတ်လမ်းများအားဝါသနာအလျောက်စုစည်းထားသောဘလော့တစ်ခုဖြစ်သောကြောင့်
လာရောက်အားပေးကြသောဝါသနာတူ မိတ်ဆွေ၊သူငယ်ချင်းများအား
အထူးကျေးဇူးတင်ရှိပါသည်။
ပစ်တိုင်းထောင်မှာ တင်ထားသော သီချင်းများ၊ ဇာတ်လမ်းများကို ဒေါင်းယူရန်နည်း မသိသောသူများအတွက်ရည်ရွယ်ပါသည်။ တင်ထားသော ဒေါင်း link ကိုကြည့်၍ ဒေါင်းယူနည်းကို ကြည့်ရှု့နိုင်ပါသည်။

Share နာမည်Download နည်းကြည့်ရန်
၁။ Pcloud Download နည်းကြည့်ရန်
၂။ MediaFire Download နည်းကြည့်ရန်
၃။ solidfiles Download နည်းကြည့်ရန်
၄။ Drive Download နည်းကြည့်ရန်
၅။ Dropbox Download နည်းကြည့်ရန်
၆။ Zippy Share Download နည်းကြည့်ရန်



>> ကျနော် ကိုယ်တိုင်သီဆိုထားတဲ့ မြန်မာသံစဉ်တေးသီချင်းလေးတွေကို အားပေးမယ်ဆိုရင်ဖြင့်>>>

ဝါသနာတူရင် မန်ဘာလဲဝင်ပေးပါအုံး

ပစ်တိုင်းထောင်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်---

Name

Email *

Message *